ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်

ဘားအံ  ၂၇    ဇန်နဝါရီ

 

ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

55896

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၈၄၁)ဦး၊ အသက်(၂)နှစ်အောက်ကလေးသူငယ်(၆၇၁၆)ဦး၊ စုစုပေါင်း (၁၀၅၅၇)ဦး အတွက် ထောက်ပံ့ငွေ ၄၇၄၇၅၀ဝ၀ဝ   (လေးထောင်ခုနှစ်ရာ လေးဆယ်ခုနှစ်သိန်း ငါးသောင်း)ကျပ် နှင့် အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား (၁၇၁၄)ဦး အတွက် လူမှုရေး ပင်စင် ထောက်ပံငွေ ၅၁၄၂၀ဝ၀ဝ  ကျပ်အား ဘားအံမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူးဦးလှိုင်ကျော်စိုး ထံ လွှဲပြောင်း ပေးအပ်သည်။

 

963

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာသော ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)