ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အ.ထ.က(၁) လမ်းမတော်(စိန့်ဂျွန်း) ကျောင်းသားဟောင်းများနှင့် (၁၉၇၉) ကျောင်းသားဟောင်း မိသားစုများက နှာခေါင်းစည်းများ၊ အခြေခံစားသာက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန် ၂ ဇွန်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အ.ထ.က(၁) လမ်းမတော်(စိန်ဂျွန်း) ကျောင်းသားဟောင်းများနှင့် (၁၉၇၉) ကျောင်းသားဟောင်း မိသားစုများက နှာခေါင်းစည်းများ၊ အခြေခံစားသောက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အ.ထ.က(၁) လမ်းမတော်(စိန့်ဂျွန်း) ကျောင်းသားဟောင်းများကိုယ်စား ဦးကြည်လွင်နှင့် ဦးသန်းနိုင်တို့က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ အ.ထ.က(၁) လမ်းမတော်(စိန့်ဂျွန်း) ကျောင်းသားဟောင်းများနှင့် (၁၉၇၉) ကျောင်းသားဟောင်း မိသားစုများက နှာခေါင်းစည်းများ၊ အခြေခံစားသောက်ကုန်နှင့် အလှူငွေ ကျပ် ၉၈၇၀ဝ၀ဝ (ကျပ် ကိုးဆယ်ရှစ်သိန်း ခုနစ်သောင်း) ကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

သတင်းဓါတ်ပုံ- ဇော်မင်းလတ်(MNA)