ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာတွင် လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကန်ကြီးထောင့်    ၃၁  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊  ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာ၌ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲရာမှ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ဒါးကနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

နန်းထိုက်(ပြန်/ဆက်)