ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေး(၂၀၂၀)၌ မကူးစက်နိုင်သောရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲကျင်းပ

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေး (၂၀၂၀) (World Health Summit 2020) မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲအစီအစဉ်ကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ နာရီခွဲတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်၌ ကျင်းပခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဓိက ဆွေးနွေးသူတစ်ဦးအဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့်သေဆုံးမှုများသည် မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံ၌ (၂၀၁၉) ခုနှစ်အတွင်း ဆေးရုံ၌ သေဆုံးမှုများအားလုံး၏ (၆၂) ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားထည့်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပြင်ဆင်အားထုတ် ဆောင်ရွက်ခြင်းမရှိပါက နောင် () နှစ်မှ (၁၀) နှစ်တာကာလအတွင်း ထိန်းချုပ်ရန်ခက်ခဲသည့် ပြည်သူ့ကျန်းမာရေးပြဿနာကြီးဖြစ်လာကာ ၎င်း ရောဂါသည်များကို ကုသရန်အတွက် ကျန်းမာရေးအသုံးစရိတ်များ၏ ရာခိုင်နှုန်းအများစုကို အသုံးပြုရမည်ဖြစ်ပါကြောင်း။

 

ဆေးရုံများတွင် မကူးစက်နိုင်သောရောဂါဖြစ်ပွားသူများ ယခုထက်ပိုမို ပြည့်ကြပ်လာမည်ဖြစ်၍ ကုသမှုအရည်အသွေးလည်း ကျဆင်းလာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၀၁၈) ခုနှစ် စာရင်းဇယားများအရ မကူးစက်နိုင်သောရောဂါများကြောင့် အချိန်မတိုင်မီသေဆုံးနိုင်ချေ (၂၄) ရာခိုင်နှုန်း ပိုမိုရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၁၈)ခုနှစ်၌ မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုများ၏ (၂၅) ရာခိုင်နှုန်းမှာ နှလုံးနှင့် သွေးကြောရောဂါများကြောင့်ဖြစ်ပြီး (၁၃) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မကူးစက်နိုင်သော ရောဂါဖြစ်ပွားသူ တစ်ဦးချင်းတွင်လည်း ဘဝရှင်သန်နေထိုင်မှု အရည်အသွေး (quality of life) ကျဆင်းခြင်းနှင့် ရောဂါဖြစ်ပွားသူ၏ မိသားစုများတွင် ငွေကြေးကုန်ကျမှု များပြားခြင်းအပါအဝင် စိတ်ဖိစီးမှုများနှင့် လူမှု-စီးပွားပြဿနာများကို ခံစားဖြစ်ပွားမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၌ ကျေးလက်ကျန်းမာရေးဌာန (,၇၁၅) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (,၃၁၇) ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးခန်းများကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ကုသပေးလျက်ရှိရာ (၂၀၁၉) ခုနှစ်တွင် အဆိုပါဆေးခန်းများသို့ လာရောက်ပြသသူ ( ဒသမ ) သန်းကို စစ်ဆေးခဲ့ရာ၌ ဆီးချိုရောဂါဖြစ်ပွားသူပေါင်း (၂၀၆,၀၀) နှင့် သွေးတိုးရောဂါဖြစ်ပွားသူ (၄၂၉,၀၀၀) ကို တွေ့ရှိကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ကာကွယ် ထိန်းချုပ်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၇-၂၀၂၁) ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပိုမိုထိရောက် ကောင်းမွန်စေရေးအတွက် ရေးဆွဲထားသော "စရိတ်ထည့်သွင်းတွက်ချက်ထားသော မကူးစက်နိုင်သော ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံကိန်း (၂၀၂၁-၂၀၂၀) (Costed Plan for NCD prevention and control 2021-2020)" ကို ယခု ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် The Defeat-NCD partnership တို့ ပူးပေါင်းကာ ယခုနှစ် မတ်လတွင် စတင်ရေးဆွဲခဲ့ပြီး စက်တင်ဘာလတွင် အပြီးသတ် ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းကို မကူးစက်နိုင်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်မည့် အရင်းအမြစ်များကို ကြိုတင်မျှော်မှန်း ဆန်းစစ်ရန်၊ ပြည်သူလူထုအား ဆီးချို၊ သွေးတိုး စစ်ဆေးကုသမှုပေးခြင်း လွှမ်းခြုံမှုအခြေအနေကို တိုးမြှင့်ရန်အတွက် လုပ်ဆောင်မည့် လုပ်ငန်းပုံစံနှင့် သုံးစွဲရမည့် အရင်းအမြစ်များ မျှော်မှန်းတွက်ချက်ရန်နှင့် မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘဏ္ဍာငွေများ ရေရှည်တည်တံ့ရေး လမ်းပြမြေပုံရေးဆွဲချမှတ်တို့အတွက် ရည်ရွယ်ကာ ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ (၂၀၂၁) နှင့် (၂၀၂၂) ခုနှစ် () နှစ်စီမံကိန်း ကာလအတွင်းတွင် လူ () သန်းအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းတို့အတွက်  အမေရိကန်ဒေါ်လာ (၁၀၁) သန်းခန့် ကုန်ကျမည်ဟု မျှော်မှန်းတွက်ချက်ထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှု အမေရိကန်ဒေါ်လာ (၂၅) သန်းခန့် ရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ ဤစီမံကိန်းတွင် မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသခြင်းဆိုင်ရာ လုပ်ငန်း (၄၈) ခု ပါဝင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် အဓိကထားဆောင်ရွက်မည့် လုပ်ငန်းများမှာ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သုံးစွဲမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားသုံးမှုများကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးဆောင်ရွက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများအတွက် ရင်းနှီးမြုပ်နှံခြင်း၊ နှလုံးနှင့်သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများတို့ကို စစ်ဆေးကုသမှုပေးခြင်း စသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။

 

စီမံကိန်းအကျိုးအမြတ်များအဖြစ် မိမိကိုယ်တိုင်ကျခံသုံးစွဲရသည့် ကျန်းမာရေးအသုံးစရိတ်သည် (၈၂) ရာခိုင်နှုန်းမှ (၆၃) ရာခိုင်နှုန်းအထိ လျော့ကျလာနိုင်ခြင်း၊ ရည်မှန်းလူဦးရေ () သန်းအတွက် မကူးစက်နိုင်သောရောဂါများဆိုင်ရာ အရည်အသွေးပြည့်ဝသည့် စစ်ဆေးမှုများရရှိနိုင်ခြင်း၊ ကြိုတင်ကာကွယ်မှုဖြင့် မကူးစက်တတ်သော ရောဂါများကိုလျှော့ချနိုင်ကာ ၎င်းရောဂါများအတွက် ကျန်းမာရေး အသုံးစရိတ်များ သက်သာလျော့ပါးလာခြင်း၊ ပြည်သူများ၏ နေထိုင်မှုအရည်အသွေးမြင့်မားလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုများ မြင့်တက်လာခြင်း၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs)နှင့် ပြည်သူများနေထိုင်ကောင်းပျော်ရွှင်မှု (Gross National Happiness) တို့ ရရှိအောင်မြင်ရေးအတွက် အထောက်အပံ့ပေးနိုင်ခြင်းတို့ကို ရရှိမည်ဖြစ်ပါကြောင်း၊ "စရိတ်ထည့်သွင်း တွက်ချက်ထားသော မကူးစက်နိုင်သော ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံကိန်း (၂၀၂၁-၂၀၂၀)" ရေးဆွဲရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဆက်လက်ပံ့ပိုးသွားမည့် The Defeat NCD partnership နှင့် ယခု လုပ်ကိုင်လျက်ရှိသော (၂၀၁၇-၂၀၂၁) စီမံကိန်းလုပ်ငန်းများအတွက် ရန်ပုံငွေများ ပံ့ပိုးပေးခဲ့သည့် World Diabetes Foundation European Foundation နှင့် ကမ္ဘာ့ဘဏ်တို့အား ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဓိကဆွေးနွေးသူများအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Department of NCD မှ ညွှန်ကြားရေးမှူး၊ Boehringer Ingelheim ဥက္ကဋ္ဌ၊ African Union Commission Commissioner for Social Affairs ရဝမ်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီး၊ ဂမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် The Defeat- NCD partnership မှ The United Nations Institute for Training and Research ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ကြသည်။

 

၎င်းဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်များ၊ ကျန်းမာရေးဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ADB ကမ္ဘာ့ဘဏ်နှင့် ဥရောပ Union တို့မှ အရာရှိကြီးများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများမှ ပညာရှင်များနှင့် သုတေသီများ၊ ကာကွယ်ဆေးနှင့် ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီကြီးများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်