ကလေး-ဖလမ်း-ဟားခါးလမ်းရှိ ဗားရ်တံတား အမှတ်(၂)အား ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေး

mdn

ဖလမ်း ၂၇ အောက်တိုဘာ

           

ကလေး-ဖလမ်း-ဟားခါးလမ်းရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတားဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။

           

တံတားဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကားပြောကြားပြီး ဗားရ်ကျေးရွာဒေသခံ ဦးဗျက်မွေးက တံတားတည်ဆောက်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ဗားရ်တံတားအမှတ်()ကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါတံတား မော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗားရ်တံတားသို့ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဗားရ်တံတားအမှတ်()သည် တံတားအရှည် ၅၅၇ ဒသမ ၇၇ ပေရှိပြီး အကျယ် ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ဒသမ ၈၄၃ ပေရှိကြောင်း၊ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် သန်း ၄၀၅၀ ဖြင့် တံတားစီမံကိန်းအဖွဲ့()က တည်ဆောက်ခြင်းဖြစ်သည်။

 

လက်အရှိအသုံးပြုလျက်ရှိသည့် ဗားရ်တံတား အမှတ်()သည် ၂၀၁၅ ခုနှစ် ကိုမာန်မုန်တိုင်းတိုက်ခတ်စဉ် မဏိပူရ်မြစ်ရေကြီးမှုကြောင့် တံတားသံပေါင်အောက်ခြေအထိ မြစ်ရေတက်ခဲ့သဖြင့် တံတားကို ခေတ္တပိတ်ခဲ့ရသည်။ မြစ်ရေပမာဏ ပိုမိုတက်ရောက်ခဲ့ပါက ဗားရ်တံတားအတွက် အန္တရာယ်ရှိနိုင်ပြီး ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆက်အသွယ် ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သဖြင့် ယခုတံတားအမှတ်()ကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)

 

mdn