ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၄ ဇူလိုင်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ္မမြစ် COC ဘုရားကျောင်း၊ နမ္မမြစ် ကက်သလစ်ဘုရားကျောင်း၊ နမ္မမြစ်နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်း နှစ်ခြင်း၊ မော်ဝမ်းအေဂျီ ဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ကျောင်း၊ လုံးချင်း ငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်း၊ လုံးခင်းရပ်ကွက်(၅) ကက်သလစ်၊ လုံးခင်း မှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ စုစုပေါင်း IDP စခန်း(၁၁)ခုသို့ သွားရောက်၍ ထုံးအိတ် (၁၁၀) နှင့် ဆပ်ပြာ(၂၈၇၈)ခဲတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

 

အလားတူ ယမန်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိပ်မူယူမာနှစ်ခြင်း၊ ဆိပ်မူရ ဝမ်နှစ်ခြင်း၊ ဆိပ်မူလီဆူးနှစ်ခြင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်း၊ ဆိပ်မူရပ်ကွက်(၄) ချင်းနှစ်ခြင်းနှင့် ရွှေကူမြို့နယ်ရှိ နှစ်ခြင်းကျောင်းနှင့် ကက်သလစ်ကျောင်း စုစုပေါင်း IDP စခန်း (၇)ခု သို့သွားရောက်၍ ထုံးအိတ် (၇၀) နှင့် ဆပ်ပြာ(၉၀၉)ခဲတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်