ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

၁၂-၈-၂၀၂၀ ရက်၊ ဆိုးလ်မြို့

 

COVID-19 ကူးစက်ရောဂါကာလတွင်း၌ နိုင်ငံအရပ်ရပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အပတ်စဉ် ကယ်ဆယ်ရေးလေယာဉ်ကို ပျံသန်းပြေးဆွဲပေးနေသည့်အပြင် ယနေ့ ၁၂-၈-၂၀၂၀ ရက်တွင် မြန်မာသံရုံး၊ ဝါရှင်တန်နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ညှိနှိုင်း၍ အထူးအစီအစဉ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်ကို စီစဉ်ပေးခဲ့သည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၀ နာရီတွင် ထွက်ခွာသွားပြီး အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၂) ဦးနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၈) ဦးနှင့် သင်္ဘောသား (၁၅) ဦး၊ စုစုပေါင်း (၁၂၅) ဦးတို့မှ လိုက်ပါခဲ့ပါသည်။

 

ယင်းလေယာဉ်ခရီးစဉ်၌ စီးနင်းလိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

Credit #Ministry_of_Foreign_Affairs