ကျိုင်းလပ်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ တွင် မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်

ကျိုင်းလပ်   ၁၁  ဩဂုတ်          

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းကို ဩဂုတ် ၁၁ ရက်က တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ မျိုးကွဲ နုတ်ပယ်ခြင်းကို သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း မြို့ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် မြို့အတွင်း စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအား တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးအေးကို၊ ခရိုင်ပိုးမွှား တာဝန်ခံ ဦးရဲဝင်း၊ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်နှင့် ဝန်ထမ်းများတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ တွင် မျိုးကွဲနုတ်ပယ်ရခြင်း ရည်ရွယ်ချက်များ၊ မျိုးကွဲနုတ်ပယ်ပုံ နည်းစနစ်များနှင့် ပိုးမွှားရောဂါ ကင်းရှင်းရေးအတွက် ကွင်းဝန်ထမ်းများနှင့် တောင်သူ များအား နည်းပညာပေး ဆွေးနွေးခဲ့သည်။

 

စိုက်ပျိုးရေး ဦးစီးဌာနသည် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးပွားလာစေရန်နှင့် ကိုဗစ်-၁၉ ကြောင့် ဒေသတွင်းမျိုးစေ့ အခက်အခဲမရှိစေရန် CERP အစီအစဉ်ဖြင့် လုပ်ဆောင် လျက်ရှိရာ ကျိုင်းလပ်မြို့တွင် မိုင်းပါလျှိုး ကျေးရွာအုပ်စု၊ တောင်သူ ၃ ဦးဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၂၀ ဆောင်ရွက် လျှက်ရှိကြောင်း ယင်းစိုက်ခင်းတွင် (ပထမအကြိမ်) စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။

 

ဖြူဖြူဝင်း (ကျိုင်းလပ်)