ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဦး ထပ်မံတွေ့ရှိ စုစုပေါင်း ၃၃၁ ဦးရှိသွားပြီ

နေပြည်တော်  ၁၂ ဇူလိုင်

ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်ဦးထပ်မံတွေ့ရှိသဖြင့်   ရောဂါပိုးရှိသူ စုစုပေါင်း  ၃၃၁ ဦးရှိပြီဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူတစ်ဦးမှာ အမေရိကန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း၊ ရောဂါပိုး တွေ့ရှိသူ ၃၃၁ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၂၆၁ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၄၈ ဦးရှိကြောင်းနှင့် ဇူလိုင် ၁၁ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၁၂ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာ အသစ် ၃၀ ရှိကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

သတင်းစဉ်