ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ကော့မှူး စက်တင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များနှင့် ရေဘေးအန္တရာယ်အသိပညာပေး စာစောင်များ ပြသဆောင်ရွက်ထားရာ ယနေနံနက်က ပြည်သူများ လာရောက်ကြည့်ရှု နေကြကြောင်း တွေ့ရသည်။

အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေ့စဉ်သွားလာ နေထိုင်သင့်သည့်နည်းလမ်းများ   ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများ၊ Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များ၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင်ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ပြည်သူများသိသင့်သိထိုက်သော အကြောင်း  အရာများအား ဝေဝေဆာဆာ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာ ပေးမြေစိုက်နံရံကပ် ပြဘုတ်ကို ရုံးရှေ့ လူစည်ကားရာနေရာတွင် စိုက်ထူထားပြီး အများပြည်သူများ အသိပညာ  ဗဟုသုတ တိုးပွားစေရေးအတွက် လစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့် အများပြည်သူများ သိသင့်သိထိုက်သော အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပျက်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူရ ကော့မှူး