ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်ပြီး ကျေးရွာများတွင် အသိပညာပေး နှိုးဆော်

ဒီးမော့ဆို ၂၅ စက်တင်ဘာ

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေး ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ တေးဂေခို၊ စီစန်းခို၊ လောခိုသာ၊ လိုဘေခိုနှင့် ဆိုလဖဲခိုကျေးရွာတို့တွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်နှင့် ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)