ကျောင်းပြန်အဖွင့်မှာ ကလေး ၁၀ သန်းလောက် ကျောင်းပြန်တက်မှာ မဟုတ်ကြောင်းသတိပေး

၁၃ ဇူလိုင်

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားခဲ့ရာမှ ပြန်အဖွင့်မှာ ကလေးငယ် ၉.၇ သန်း အထိ စာသင်ခန်းတွေထဲကို ပြန်ရောက်နိုင်မှာမဟုတ်ကြောင်း  Save the Children က ဒီနေ့ (တနင်္လာနေ့) မှာ သတိပေးလိုက်ပါတယ်။

 

ကိုရိုနာကပ်ရောဂါပိုးကြောင့် ကျောင်းတွေနဲ့ တက္ကသိုလ်တွေ စပိတ်ခဲ့ချိန် ဧပြီ က UNESCO ရဲ့ စာရင်းအရ ကျောင်းသူကျောင်းသားပေါင်း ၁.၆  ဘီလီယံ တနည်းအားဖြင့် ကမ္ဘာ့ ကျောင်းသူကျောင်းသာ ဦးရေရဲ့ ၉၀ ရာခိုင်နှုန်းအပေါ် သက်ရောက်ကြောင်း တွေ့ရပါတယ်။

 

1

 

လူသားသမိုင်းမှာ ပထမဦးဆုံး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ကလေးသူငယ်မျိုးဆက်တစ်ခုလုံးရဲ့ ပညာရေးကို သက်ရောက်မှု ရှိတာဖြစ်ကြောင်း Save our Education လို့ အမည်ပေးထားတဲ့ သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။

 

ကပ်ရောဂါကြောင့် ကလေးသူငယ် သန်း ၉၀ မှ ၁၁၇ သန်းသော ကလေးငယ်တွေဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်ခြင်းနဲ့ ကျောင်းဝင်ခွင့်ပါ ဆုံးရှုံးနိုင်တာကို ဖြစ်နိုင်သွားကြောင်း ပြောပါတယ်။

 

လူငယ်တွေဟာ အလုပ်လုပ်ရန် ကျောင်းထွက်ရတာမျိုး သို့မဟုတ် မိန်းကလေးတွေဟာ အချိန်မတိုင်မီ လက်ထပ်ရန် ဖိအားပေးခံရခြင်းမျိုးပါ လုပ်ဆောင်ခံရနိုင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအရေအတွက်ဟာ ကလေးငယ် ၇ သန်းကနေ ၉.၇ သန်း လောက် ကျောင်းထွက်ရနိုင်ကြောင်း စာတမ်းမှာ ရေးသားထားပါတယ်။

 

တချိန်တည်းမှာ ကပ်ရောဂါပိုးကြောင့် ပညာရေးအတွက် သုံးစွဲငွေဟာ ၂၀၂၁ အကုန်အထိ အမေရိကန်ဒေါ်လာ ၇၇ သန်း လောက်အထိ ဝင်ငွေ နဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ တွေ့ရနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို မဖြေရှင်းခဲ့ရင် အနာဂတ်ရဲ့ ကလေးငယ်တွေကို သက်ရောက်မှုဟာ အချိန်ကြာသွားနိုင်ကြောင်း၊ ကလေးငယ်တိုင်း ၂၀၃၀ မှာ အရည်အသွေးရှိတဲ့ ပညာရေးကို သင်နိုင်ခွင့် ရှိမယ်ဆိုတဲ့ ပန်းတိုင်ဟာ နှစ်အနည်းငယ် နောက်ဆုတ်သွားရနိုင်ကြောင်း Save the Children ရဲ့အုပ်ချုပ်ရေးဒါရိုက်တာ အင်္ဂါအက်ရှင်း က ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးကြောင့် ကျောင်းကနေ ထွက်ရနိုင်တဲ့ နိုင်ငံ ၁၂ နိုင်ငံတွေဟာ နိုင်ဂျာ၊ မာလီ၊ ချက်၊ လိုက်ဘီရီးယား၊ အာဖဂန်နစ္စတန်၊ ဂျီနီယာ၊ ရီမင်၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါ၊ မိုရီတေးနီးယားနဲ့ အိုင်ဗီကို့စ်နိုင်ငံ တို့ဖြစ်ပါတယ်။

 

MDN

ကိုးကား -AFP