ကျောင်းကုန်းမြို့တွင် သုတ၊ ရသ စာပေဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း  ၁၇   ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ စာပေချစ်သူများ၏ ၂၀၂၀ ပြည့်နှစ် ခေါင်းစဉ်မဲ့ စာပေဟောပြောပွဲကို ယမန်နေ့ည ၈ နာရီအချိန် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

စာပေဟောပြောပွဲတွင် ဆရာမ နှင်းဝေငြိမ်း၊ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)နှင့် ဆရာ ထင်လင်းဦး တို့က သုတ၊ ရသ အကြောင်း အသီးသီးဟောပြောခဲ့ကြပြီး၊ ကျောင်းကုန်းမြို့ စာပေချစ်သူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)