ဇူလိုင် ၁၁ ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ လေးဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၃၀ ရှိပြီ

နေပြည်တော် ၁၁ ဇူလိုင်

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ လေးဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ဦးရေ ၃၃၀ ရှိပြီ ဖြစ်ကြောင်း၊ ထပ်တိုးလူနာ လေးဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အင်္ဂလန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် လှိုင်မြို့နယ်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ သုံးဦး ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူဦးရေ ၃၃၀ အနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ ဦးရေ ၂၆၀၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၄၇ ဦး နှင့် ဇူလိုင် ၁၀ ရက်မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၁၁ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

 

သတင်းစဉ်