ISO စီမံခန့်ခွဲမှု ပြန်လည်သုံးသပ်စိစစ်ခြင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၁၃ ဩဂုတ် 

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)ရှိ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇)ခုဖြစ်သည့် စိုက်ပျိုးရေး အဏုဇီဝဓာတ်ခွဲခန်း၊ အပင်ရောဂါဖြစ်ကြောင်း သက်ရှိများ အမျိုးအစားခွဲခြားခြင်းနှင့် မွေးမြူရွေးချယ်ခြင်း ဓာတ်ခွဲခန်း၊ စိုက်ပျိုးရေ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း၊ အပင်ဇီဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်းဓာတ်ခွဲခန်း၊ အပင်ဇီဝနည်းပညာ ဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာဓာတ်ခွဲခန်းနှင့် မြေနှင့်အပင် နမူနာဓာတ်ခွဲခန်းတို့သည် ISO 9001: 2015 (QMS) အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၉ ခုနှစ်က ရရှိခဲ့ပြီးဖြစ်ရာ အဆိုပါ အသိအမှတ်ပြု လက်မှတ်ပါ အရည်အသွေးထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပြန်လည်သုံးသပ်စီစစ်ခြင်း  အခမ်းအနားကို သြဂုတ် ၁၃ ရက်က နဝရတ်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇)ခုသည် နိုင်ငံတကာအဆင့်မီ ISO 9001: 2015 (QMS) လက်မှတ်ရရှိပြီးဖြစ်ရာ ရေရှည်တည်တံ့ရေးအတွက် ဆက်လက်ထိန်းသိမ်းရန်မှာအရေးကြီးသည့် လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ အလားတူပင် စိုက်ပျိုရေးသုတေသန ဦးစီးဌာနကို သုတေသန ဦးစီးဌာနကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ခေတ်အဆက်ဆက် သုတေသနပညာရှင်ကြီးများက ကြိုးပမ်းခဲ့ခြင်းဖြစ်ရာ လက်ရှိတာဝန်ယူလျက်ရှိသော သုတေသနပညာရှင်များနှင့် မျိုးဆက်သစ် သုတေသနပညာရှင်များက လက်ဆင့်ကမ်းတာဝန်ယူ၍ ပိုမိုတိုးတက်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက QMR ၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ပြောကြားရာတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ ဓာတ်ခွဲခန်းများနှင့် စီမံခန့်ခွဲရေးဌာနစုမှ သုတေသနပညာရှင်များ အနေဖြင့် ISO 9001: 2015 (QMS) သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အစီအစဉ်နှင့် စနစ်တကျ ဆောင်ရွက်ရာတွင် သုတေသနပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်းက ISO အဖွဲ့၏ Management Review Meeting ဆောင်ရွက်ရခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

၎င်းနောက် ISO Internal Audit အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအား ပြန်တင်သုံးသပ်တင်ပြခြင်းကို သုတေသနမှူး ဒေါ်စီစီမြင့်က လည်းကောင်း၊ ISO ရရှိထားသော ဓာတ်ခွဲခန်းအသီးသီးမှ လက်ရှိဆောင်ရွက်ချက်များနှင့် အကြံပြုချက်များ တင်ပြခြင်းကို သက်ဆိုင်ရာဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများက လည်းကောင်း အသီးသီးတင်ပြကြခြင်းအပေါ် တက်ရောက်လာကြသည့် သုတေသနပညာရှင်များက ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

ဇူလိုင်မိုး