ဟုမ္မလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေနစ်မြုပ်မှုဖြစ်ပွား

နေပြည်တော်  ၃၁  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းမြို့မှ ဇီးပင်သာကျေးရွာသို့ မယ်ဇလီကျေးရွာနေ ဦးမြင့်ဇော်(၄၀)နှစ် မောင်းနှင်ပြီး ခရီးသည် ၁၂ ဦးနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် စက်လှေသည် ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်က ဟုမ္မလင်းမြို့နယ်၊ ဇီးပင်သာကျေးရွာအနီးအရောက်၌ လေပြင်းတိုက်ခတ်မှုကြောင့် မြစ်ကမ်းသို့ဆိုက်ကပ်၍ ခရီးသည်များဆင်းကာ စက်လှေအားချည်နှောင်ထားစဉ် စက်လှေမှာ ရေလှိုင်းပုတ်၍ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

စက်လှေနစ်မြုပ်မှုကြောင့် အဆိုပါစက်လှေနှင့် စက်လှေပေါ်ပါ ဆိုင်ကယ် ၈ စီးတို့ ရေနစ်မြုပ်ပျက်စီးခဲ့ရာ တန်ဖိုးငွေ ကျပ် ၆၇ သိန်းခန့်ဆုံးရှုံးခဲ့ပြီး လူများထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)