ဟောင်ကောင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တိုက်ခိုက်ရန် ကြိုးပမ်းဟု မီဒီယာများ ဖော်ပြ

၁၂ နိုဝင်ဘာ

 

ဟောင်ကောင် ဆန္ဒပြသူ လူအုပ်များအကြား ရဲတပ်ဖွဲ့ဝင် တစ်ဉီး၏ မော်တော်ဆိုင်ကယ်မှာ ဝင်ရောက် နှောင့်ယှက်နေသည့် ဗီဒီယိုဖိုင်ကို ဟောင်ကောင် မီဒီယာများက ဖော်ပြထားသည်။

 

1

 

ယမန်နေ့က ထုတ်လွင့်ပြသခဲ့သည့် ဗီဒီယိုဖိုင်တွင် နံပါတ်တုတ်များ ကိုင်ဆောင်ထားသည့် ရဲအရာရှိများက ဆန္ဒပြသူ လူအုပ်ကြားထဲကို အကြိမ်ကြိမ် ဝင်ရောက် မောင်းထုတ်နေပုံများကို အဆိုပါ ဗီဒီယိုဖိုင်တွင် ပြသထားသည်ဟု ဆိုသည်။

 

ဒေသန္တရ မီဒီယာများ၏ ဖော်ပြချက်အရ နှစ်ဉီးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

မော်တော်ဆိုင်ကယ် စီးနင်းသူများ ဘေးကင်းစေရန်အတွက် ဆန္ဒပြသူများနှင့် ဝေးကွာစေရန် ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ရဲများက ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

သို့သော်လည်း နိုင်ငံသားများကို သတ်ရန် ရဲများက ကြိုးပမ်းနေပုံရကြောင်း ဝေဖန်သူများက ဆိုရှယ်မီဒီယာပေါ်တွင် စွပ်စွဲနေကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်