ဂျပန်ဟာသ သရုပ်ဆောင် ကန်ရှီမူရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကွယ်လွန်

၃၁  မတ်

ဂျပန်နိုင်ငံရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ကန်ရှီမူရာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး လတ်တလောမှာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကန်ရှီမူရာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဆေးရုံတက်ရောက် ကုသနေရာကနေ ကွယ်လွန်ခဲ့တာပါ။ သူဟာ ဂျပန်အနုပညာရှင်တွေအနက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးကွယ်လွန်ခဲ့သူလည်း ဖြစ်ပါတယ်။

မတ် ၂၉ ရက်ညပိုင်းမှာ မင်းသားကြီး ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေက ကန်ရှီမူရာ ကွယ်လွန်ခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ ကန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၀ ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။

ကန်ရှီမူရာဟာ ဂျပန်နိုင်ငံရဲ့ ဟာသသရုပ်ဆောင်တွေအနက် ကျော်ကြားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ရုပ်မြင်သံကြားပေါ်မှာ အလွန်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးပါ။ သူရဲ့ သရုပ်ဆောင်မှုတွေအနက် မျက်နှာကို အဖြူရောင်ခြယ်ကာ မျက်ခုံမွှေးအထူကြီး တွေဆွဲ သရုပ်ဆောင်မှုဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။

အေးပြည့်