(၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
လွိုင်ကော် ၁၅ ဇန်နဝါရီ
၂၀၁၈ ခုနှစ် (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ယှဉ်ပြိုင်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီက ရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။