သျှမ်းနီ တိုင်းရင်းသား စာပေညီလာခံ မိုးညှင်းမြို့တွင် နှစ်ရက်ကြာကျင်းပ
မိုးညှင်း ၁၁ ဖေဖော်ဝါရီ
သျှမ်းနီတိုင်းရင်းသား စာပေညီလာခံကို မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိ စာသင်တိုက် အပေါ်ထပ်၌ နှစ်ရက်ကြာ ကျင်းပခဲ့ရာ ယနေ့နံနက်(၁၀)နာရီတွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။