ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”တွင် တိုင်းရင်းသူအလှမယ်ပြိုင်ပွဲ ကျင်းပမည် 

ရန်ကုန် ၂၁ ဇန်နဝါရီ   

 

တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသူအလှမယ်ပြိုင်ပွဲ (Miss Ethnic Myanmar 2020)ကို ဖေဖေါ်ဝါရီ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                   

ဒုတိယအကြိမ်သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကြီးကို တိုင်းရင်သားလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက စီစဉ်ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသူအလှမယ်များ ကြိုဆိုခြင်းနှင့် ဆန်ကာတင်ပြိုင်ပွဲ၀င်များအား စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၀ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း သုဝဏ္ဏဘောလုံးကွင်းဝင်း အတွင်းရှိ Myanmar Sports ဟိုတယ် မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

 

ကျွန်တော်တို့ တိုင်းရင်သားတွေရဲ့ ရိုးရာ၀တ်စုံ၊ လေ့ထုံးစံတွေကို ကျန်တဲ့တိုင်းရင်းသားတွေ သိမြင်သွားဖို့ရယ်၊ တိုင်းရင်းသားရဲ့ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုကို ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်ဟု မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန်းကပြောသည်။

 

အဆိုပါပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသူအလှမယ် ၄၀ ဦးတို့က တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ရက်၊ ရက်၊ ရက်နှင့် ရက်တို့တွင် ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ပထမအကြိမ် တိုင်းရင်းသူအလှမယ်ပြိုင်ပွဲတွင် ပထမဆုကို ကချင်ပြည်နယ်မှ အလှမယ်ရရှိခဲ့သည်။ ဒုတိယအကြိမ်သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကြီးကို ဖေဖော်ဝါရီ ရက်မှ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး လာရောက်လည်ပတ်မည့် လူဦးရေ ၁၀ သိန်း ခန့်မှန်းထားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး