ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီဒီယိုဇာတ်လမ်းတိုရိုက်ကူး 

ရန်ကုန် ၂ ဧပြီ  

 

ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီဒီယိုဇာတ်လမ်းတို အစီအစဉ်ကို ဧပြီ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ Fact Media နှင့်အတူ ဒါရိုက်တာ ဦးရှိုင်းကိုတို့ပူးပေါင်း၍ သရုပ်ဆောင်များနှင့်အတူ စီစဉ်ရိုက်ကူးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉  ပညာပေးဗီဒီယိုဇာတ်လမ်းတွင် သရုပ်ဆောင်များဖြစ်ကြသည့် ကျော်ထက်ဈာန်၊ ဝေဖြိုးအောင်၊ ကြယ်စင်ရှိုင်း၊ ယမုံ၊ သျှင်မေခ၊ ပန်းအိဖြူနှင့် ဝါသနာရှင်များက ပါဝင်သရုပ်ဆောင်ထားပြီး ဒလမြို့နယ် ပြည်သူ့ဆေးရုံ ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ  ရိုက်ကူးခဲ့သည်။  

 

အဆိုပါ ပညာပေးဇာတ်လမ်းတိုကို Fact Media မှ မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)