COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၀-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီ

၁။     (၁၉-၉-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီ အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၄၂၀)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၅၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၃၉၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၃၂၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၈၃၅) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၁၃၂) ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ 
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၉၃) ဦးတွေ့ရှိပါသည်။
၂။   သို့ဖြစ်ရာ (၂၀-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅,၂၆၃)ဦး ရှိပြီဖြစ်ပါသည်။
၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈၁) ဦးရှိပြီးဖြစ်ပါသည်။
၄။    (၁၉-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် 
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂,၂၃၅) ခု၊ 
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၉၄)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၉၁၉)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၅၆၀) ခု၊
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၈၃၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၈) ခုနှင့်
- နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၂၃၀)ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊ 
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ 
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခုနှင့် 
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု
စုစုပေါင်း ဓာတ်ခွဲနမူနာ (၅,၂၉၈) ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၄၂) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြုလူနာ (၂၄၉) ဦး တွေ့ရှိကြောင်းကို  (၁၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ် ပါသည်။
#Ministry_of_Health_and_Sports

 

mdn