COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့

(၃၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ


 

၁။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၅၄၅)ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ စုစုပေါင်း (၇၂၃) ခုအား ယနေ့ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

 

၂။ (၃၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၄) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၈) ဦး (Case - 60, 64, 89, 153, 178, 183, 184 နှင့် 193) ရှိသဖြင့် (၃၁-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၃၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၂၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၃၀-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၁-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၇) ဦး ရှိပါသည်။

 

Credit> ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန