COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသိပေးကြေညာချက်

  ဧပြီ

COVID-19 ကူးစက်မြန်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေကတော့ -

  • နေထိုင်သွားလာရာတွင် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေအကွာ ခပ်ခွာခွာရှိနေစေရန် သတိပြုပါ။
  • - လက်ကို စနစ်တကျဆေးပါ၊ မကြာခဏဆေးပါ၊ သတိရတိုင်းဆေးပါ။
  • - တတ်နိုင်သလောက် မိမိလက်နဲ့မျက်နှာကိုမထိတွေ့စေဖို့ သတိပြုပါ။
  • နှာချေလျှင်၊ချောင်းဆိုးလျှင်နှာခေါင်းနှင့်ပါးစပ်တို့ကိုတစ်ရှူးဖြင့်အုပ်၍ဆိုးပါ။ တစ်ရှူးမရနိုင်ပါကလက်မောင်း၊ တံတောင်ကွေးကို အသုံးပြုပါ။ မိမိပတ်ဝန်းကျင်၊ အိမ်၊ အလုပ်နေရာများတွင် သန့်ရှင်းရေးကို စနစ်တကျပုံမှန်ပြုလုပ်ပါ။ သန့်ရှင်းရေးပြုလုပ်နေစဉ် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ထားပါ။
  • မျှတသော အာဟာရကို ရွေးချယ်စားသုံးပါ။
  • အိပ်ချိန်လုံလောက်စွာ အိပ်စက်အနားယူကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန