COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေးကြေညာချက်

နေပြည်တော်၊   ၁၆  ဇန်နဝါရီ 

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ ပြည်တွင်း / ပြည်ပအလှူရှင် (၇၂၈) ဉီးက လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၀,၁၂၆ ဒသမ ၈၅၄ သန်းနှင့် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း ထည့်ဝင်လှူဒါန်းထားပါ ကြောင်း၊ နိုင်ငံတော်က ထည့်ဝင်ငွေ အပါအဝင် အဆိုပါရန်ပုံငွေစာရင်းတွင် ကျပ် ၁၁,၁၂၆ ဒသမ ၈၅၄ သန်း၊ အမေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃ သန်း ရရှိပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်