စလင်းမြို့နယ် ကျေးရွာခုနှစ်ရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်

စလင်း  ၁၇   ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန မှသိရသည်။

 

3

 

အဆိုပါကျေးရွာ ခုနှစ်ရွာမှာ တမာချောင်၊ မင်းလျင်၊ အိုးထိန်း၊ ရေလဲ၊ ကုက္ကိုကျင်း၊ အရှေ့ကုန်း နှင့် သာစည်ကျေးရွာတို့ဖြစ်ပြီး လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ခုနှစ်ခု၊ ဂါလန် ၅၀ဝ၀ ဆံ့အုတ်ရေကန် ၆ခု၊ အမြင့်ပေ ၂၀ရှိ ဂါလန် ၂၄၀ဝ ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ အလျား ၁၀ပေ အနံ ရှစ်ပေ အမြင့်ရှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ခုနှစ်ခု တို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၈ ဒသမ ၃၀ သန်းဖြင့် ဆောင်ရွက် နေခြင်းဖြစ်သည်။

 

9663

 

ယခုတူးဖော်ဆောင်ရွက်နေသည့် စက်ရေတွင်းနှင့် ဆက်စက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက ကျေးရွာခုနှစ်ရွာရှိ အိမ်ခြေ ၇၈၁ အိမ်မှ လူဦးရေ ၃၇၉၇ ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိစေရေး အတွက်အကျိုးပြုမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြ၍ သိရသည်။

 

ငြိမ်းသူ(စလင်း)

 

520