ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်၌ အခြားသီးနှံဧက ၅၀ဝ ပြည့်မီရေးနှင့် စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိ

ဆိပ်ဖြူ   ၂   ဧပြီ  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင် နွေရာသီ အခြားသီးနှံစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာရှိရေးနှင့် စိုက်ဧကပြည့်မီရေးအတွက် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူး၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဧရာဝတီမြစ်မှအောက်ဆိပ်လျှပ်စစ်မြစ်ရေတင် ရေခေါ်မြောင်းဖောက်လုပ်ခြင်းကို  တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၅ ဒသမ ၇ သန်း နှင့် ဒီဇယ်ဆီ ဂါလန် ၇၀ဝ၀ ခွင့်ပြု ထောက်ပံ့ပေးခြင်းဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာန(ရေအရင်အမြစ်)၊ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ဇန်နဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့ အထိ ရေခေါ်မြောင်းအရှည် ၂၆၀ဝ ပေ၊ မြောင်းအကျယ် ၄၀ ပေ၊ အမြင့် ၉၀ ပေ ရှိသော ရေခေါ်မြောင်းနှင့် ပွန်တွန်းရေဝပ်ကျင်းတို့ကို  BacK Hole ယာဉ်တစ်စီး၊ Wheel Loader ယာဉ်တစ်စီးနှင့် သောင်တူးပန့် စက်လှေနှစ်စီးဖြင့် ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် ၂၀၂၀ နွေရာသီတွင် အခြားသီးနှံ (၅၀ဝ) ဧက စိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက်ထားရှိပြီး လက်ရှိ အခြားသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် ထပ်ဆင့်ရေတင်(၃)နှင့် လက်တံမြောင်း (၁၀)ခုမှ စိုက်ပျိုးရေကို ရေကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးမှုက ဧက(၁၀ဝ)ကျော် စိုက်ပျိုးပြီးသွားပြီးဖြစ်ကြောင်း၊ ရေခေါ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ရာတွင် ယခင်နှစ်ထက် ဧရာဝတီမြစ်ရေ လျော့ကျမှုများရှိသည့်အတွက် ယခင်နှစ် ရေခေါ်မြောင်းတူးခြင်းထက် (၃)ပေခွဲခန့် ထပ်မံတူးဖော် ပေးခဲ့ရပြီး နွေသီးနှံအတွက် တောင်သူများက ယခင်နှစ်ရေခေါ်မြောင်းတူဖော်ပေးမှုကြောင့် ပဲတီစိမ်းနှင့်အခြားသီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိမှုအပေါ် အကျိုးအမြတ်များ ရှိခဲ့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများ၏ ဆန္ဒများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါရေခေါ်မြောင်းကို တူဖော်ပေးခြင်းခြင်း နွေရာသီးအခြားသီးနှံစိုက်ပျိုးသည့် တောင်သူများအပြင် မိုးရာသီတွင် မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက်ပါ စိုက်ပျိုးရေကို ဆောလျင်ပြည့်ဝစွာ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူထံမှ သိရှိရသည်။

 

 စိုးလင်းနိုင်(IPRD)