စစ်တွေမြို့၌ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ၁၇ ဖေဖော်ဝါရီ        

ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် စစ်တွေခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်လူ မှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

4710

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ က ကလေးများအနေဖြင့် နိုင်ငံတော်နှင့် မိသားစု၏ အနာဂတ်ခေါင်းဆောင်များ နိုင်ငံတော်မှ အားကိုးအားထား ပြုရတဲ့ ရတနားလေးများ ဖြစ်ပါကြောင်း ၊ တက်ရောက်လာသူများအနေဖြင့် ကလေးများ အပေါ်အကြမ်းဖက်ခြင်း ၊ လွဲမှားစွာပြုကျင့်ခြင်း ၊ ခေါင်းပုံဖြတ်ခြင်း နှင့် လျစ်လျူရှုခြင်းတို့မှ ကင်းဝေးပြီး  ကိုယ်စိတ်နှစ်ပါး ကျန်းမာလုံခြုံစွာဖြင့် ကလေးတို့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လိုပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိရေး အတက်နိုင်ဆုံး ပူးပေါင်းပါဝင်ကူညီကြပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံး က ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် ပြည်နယ် ၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်းများနှင့် UN/INGO များက အကြံပြုဆွေးနွေးခြင်း ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက အကြံပြုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)