စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

၈ အောက်တိုဘာ

 

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ အောက်တိုဘာလ၊ အတွဲ ( ၄၇)၊ အမှတ်(၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်သည်။

 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ကုလသမဂ္ဂ (၇၅) နှစ်ပြည့် အထိမ်းအမှတ်'' ဖြစ်သည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကုလသမဂ္ဂ ၇၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် စွမ်းဆောင်ချက်များ၊ ကျွန်တော်နဲ့ ကုလ (၇၅)၊ စိန်ရတုသို့ ရောက်ခဲ့ပြီဖြစ်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ကဗျာကဏ္ဍတွင် ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၆)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဆန့်ကျင်ဘက်ဖြစ်သော စကားလုံး များဖြင့် စကားစခြင်း၊ လိုချင်တာကို ဆုံးဖြတ်၊ ဘဝအနှောင့်အယှက်များ ကျော်လွှားရေး၊ စီးပွားရေး ကျရှုံးမှုအတွက် ပညတ်ချက်များ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပေါင်းစုညီညာ အောင်ကြောင်းဖြာ၊ ဉရောပ၊ အာရှ၊ အမေရိက၊ မြန်မာနှင့် ကိုဗစ်ဒုတိယလှိုင်း၊ နျူကလီးယားလက်နက်နှင့် အကြမ်းဖက် ဝါဒ၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးဘဝမှ လွတ်မြောက်လာသူ၊ ကလေးအလုပ်သမား ဆိုင်ရာကဏ္ဍတွင် ကလေးလုပ်သားပြဿနာ အဖြေရှာ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ   ကဏ္ဍတွင် မြင့်တက်လာသော ပင်လယ်ရေများကို ခုခံကာကွယ်ရေး၊ ရေ၊ ရာသီနှင့် မြန်မာပြည်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အသေးစား ရေခဲတဲ့ခေတ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစနစ်နှင့် စီးပွားရေး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၆)၊ ဖြစ်ရပ်မှန် ကဏ္ဍတွင် မမေ့အပ်သော ဟီရိုရှီးမားနေ့၊ ပုလင်းထဲကသတင်း၊ ဝတ္ထုတိုကဏ္ဍတွင် ဘီလူးကြီးကို ရင်ဆိုင်အနိုင်ယူခဲ့တဲ့ သူရဲကောင်း၊ အထွေထွေကဏ္ဍတွင် အမုန်းစကား ရပ်၊ အထက် အောက် ဘေးတိုက် ဆက်ဆံရေး၊ ဩဂဲနစ်သဘာဝနည်းဖြင့် စိုက်ပျိုးရေး (၂)၊ မြို့ပြတွင် တွင်ကျယ်လာသည့် ဘုံပိုင်ရေစနစ်နှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်သည်။

           

သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်သည်။

 

MDN