ဘေဘုတ်ရဲ့ ရောင်းအားအကောင်းဆုံးသော တေးအယ်လ်ဘမ်စာရင်းမှာ ပါဝင်နေဆဲ BTS

၁၀  မတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ ယခု သီတင်းပတ်မှာလည်း ဘေဘုတ်ရဲ့ ရောင်းအားအကောင်းဆုံးသော တေးအယ်လ်ဘမ်စာရင်းမှာ ပါဝင်နေပြီး နံပါတ်သုံးနေရာမှာ ရပ်တည်နေကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တေးအယ်လ်ဘမ်သစ် စတင်ထုတ်လွှင့်ခဲ့တဲ့ တတိယမြောက် သီတင်းပတ်မှာ ဘေဘုတ်ရဲ့ ရောင်းအား အကောင်းဆုံးသော တေးအယ်လ်ဘမ် ၃၀၀ စာရင်းမှာ BTS က နံပါတ်သုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်း တေးအယ်လ်ဘမ်ပေါင်း ၈၄၀၀၀ ခန့် ရောင်းချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်