အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ကံမမြို့နယ်မှပြည်သူများအား အခမဲ့ ဆေးကုသပေး

ကံမ  ၁၇   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်မှစတင်၍ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးပြီး ခွဲစိတ်ကုသပေးလျှက်ရှိသည်။

 

အဆိုပါဆေးကုသရေးအဖွဲ့တွင် တပ်မတော် ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုအထူးကု၊ သားဖွားမီးယပ်အထူးကု၊ နား၊ နှာခေါင်း လည်ချောင်းအထူးကု၊ အထွေထွေရောဂါအထူးကု၊ မျက်စိခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ အရိုးအကြောအထူးကု၊    ပြန်လည်သန်စွမ်းရေးအထူးကု၊    သွားဘက်ဆိုင်ရာအထူးကု ပါရဂူကြီးများနှင့် အတူဆေးဘက်ဆိုင်ရာ ဆရာဝန်၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်အင်အား တစ်ရာကျော်တို့နှင့်တကွ အဆင့်မြင့်ခွဲစိတ်ကုသယာဉ်၊ Mobile X-Ray  ဓါတ်မှန် ယာဉ်၊အဆင့်မြင့် ဓါတ်ခွဲယာဉ်နှင့်အဆင့်မြင့် သွားကုသရေးယာဉ်တို့ ပါဝင်၍ ကံမမြို့နယ်တွင် (၂)ရက်တိုင် ပြည်သူများအား အခမဲ့ကုသပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများအား တစ်ပါတည်း ခွဲစိတ်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ဇေယျဝင်း(ကံမ)