အညာစု အလယ်တန်းကျောင်း၌ ပြည်သူ့စကားဝိုင်းကျင်းပမည်

တွံတေး  ၁၇   ဖေဖေါ်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွံတေးမြို့နယ် ငှက်ပျောစမ်းကျေးရွာ အုပ်စု၊ရွာသစ်ကြီး‌ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ်‌ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် တွံတေးမြို့နယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဦးစီးမှူး ဦးစောမောင်သန်တွံ‌တေးမြို့မ ရဲစခန်းမှ ရဲအုပ်ဇင်ပိုင်၊ မြို့နယ်စားသုံးရေးရာ ဦးစီးဌာနမှမြို့နယ် ဦးစီးမှူးဦဌေးအောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်နည်းစနစ်မှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှူးဦးသက်ဦးတို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။

 

မျိုးလှိုင် (တွံတေး)