အခက်အခဲ၊ အကျပ်အတည်းတွေ ဘယ်လိုပဲ ရှိရှိ၊ ကိုယ့်စိတ်ကို အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အားလုံးအောင်မြင်ပါတယ်။ (ဂျေမောင်မောင်)

မကွေး ဒီဇင်ဘာ ၁၆

 

dfwde

 

ဂျေမောင်မောင် (အဆိုတော်)

မကွေး လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို စီစဉ်ပေးတဲ့အတွက်လည်း အများကြီး ကောင်းပါတယ်။ လူငယ်တွေရဲ့ နောက်နေ့တွေအတွက် အကြံဉာဏ်တိုးတက်ပြီး ဒီကတစ်ဆင့် အသိအမြင်၊ ဗဟုသုတတွေ အားလုံးကြွယ်ပါစေလို့ ဆုတောင်းပါတယ်။ ဒီမှာ ပရိသတ်နဲ့ နီးနီးကပ်ကပ် ဖျော်ဖြေခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ငယ်ရွယ်စဉ်ကနေ အခု အသက်အရွယ် ရောက်လာတဲ့အထိ ပန်းခင်းတဲ့လမ်းတော့ မဟုတ်ခဲ့ဘူး။ ရှိတဲ့သူလဲ ရှိတာပေါ့။ ဒါပေမယ့် တစ်ချို့တွေလဲ သိပ်ပြီး မချောမွေ့တဲ့ လမ်းတွေ ရှိတာပေါ့။ ကြုံလာနိုင်တယ်။ အဲဒီလို ကြုံလာတဲ့အချိန်မှာ အရေးကြီးတာက စိတ်ဓါတ်ပါ။စိတ်ဆောင် အောင်သည်ပေါ့နော်။ အခက်အခဲ၊ အကျပ်အတည်းတွေ ဘယ်လိုပဲ ရှိရှိ၊ ကိုယ့်စိတ်ကို အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အားလုံးအောင်မြင်ပါတယ်။

 

jdttr

 

ခြူးလေး (သရုပ်ဆောင်)

ဒီပွဲမှာ ရင်ခုန်တာကတော့ သူတို့ဘာမေးမလဲဆိုပြီး ရင်ခုန်ပါတယ်။ ခြူးလေးတို့ကလည်း ကိုယ့်ရဲ့ အတွေ့အကြုံ၊ ကိုယ်တကယ်ဖြတ်သန်းလာရတာတွေကို ပြောပြရမှာဖြစ်တဲ့အတွက် ဒါမျိုးက ပထမဉီးဆုံးဆိုတော့ စိတ်လှုပ်ရှားပါတယ်။ အဓိကကတော့ ဘဝမှာ ရည်ရွယ်ချက်ပန်းတိုင်ကို ဘယ်လိုမျိုး ရင်ဆိုင်ကျော်လွှားပြီးတော့ ကောင်းတဲ့အခက်အခဲတွေရော၊ မကောင်းတဲ့ အခက်အခဲတွ ရော ဘယ်လိုမျိုး ဖြတ်သန်းမလဲဆိုတာမျိုး မေးမယ်ထင်ပါတယ်။ ခြူးလေးတို့ အတွက်ကကျ ဒီလိုမျိုးပဲ ဖြေဖို့ ရှိတာပေါ့။ အဓိက Message ပေးချင်တာကတော့ ခြူးလေးတို့ အနုပညာအလုပ် လုပ်တယ်ဆိုတာ အခုလက်ရှိ ဇာတ်ကားရိုက်ထားတဲ့ စိုးစန္ဒာဆိုရင် ဒီလို ပုံစံမျိုး မလုပ်ရဘူး။ မလုပ်သင့်တဲ့ နေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ ခြူးလေးတို့လည်း အနည်းဆုံး လူငယ်တွေကို Message ပေးနိုင်တဲ့ ဇားကားမျိုးလေးတွေပဲ ကြိုးစားပြီး ရိုက်နေတယ်။ အခုလိုမျိုး လူငယ်တွေနဲ့ လာပြီး ဆွေးနွေးရမယ်ဆိုရင်လည်း ကောင်းတာတွေကိုပဲ အများကြီး ပေးသွားချင် ပါတယ်။ ဒါကလည်း သူတို့ မေးတဲ့ပေါ်မှာပဲ မူတည်တာပေါ့နော်။ အကောင်းဆုံးကတော့ ဘဝကို ဘယ်တော့မှ အရှုံးမပေးဘဲ အကောင်းဆုံး လျှောက်လှမ်းဖို့ မှာချင်ပါတယ်။

 

gjrft

 

မောင်ကျော်ကျော်ဇင် (..က () တောင်တွင်းကြီးမြို့နယ်)

ကျောင်းအုပ်ဆရာကြီး၊ ကျောင်းကောင်စီအဖွဲ့တွေရဲ့ ရွေးချယ်မှုနဲ့ လာရောက်လေ့လာတာ ပါ။ တီထွင်ဆန်းသစ်မှု ပြခန်းတို့၊ အနုပညာပညာပြခန်းတို့နဲ့ တခြားပြခန်းတွေကို လိုက်လေ့လာ နေပါတယ်။ နည်းပညာပြပွဲ၊ အင်္ဂလိပ်စကားပြောပြိုင်ပွဲနဲ့ ဖျော်ဖြေပွဲတွေကို သဘောကျပါတယ်။ မကွေးမှာ ဒီပွဲကို လာကျင်းပတော့ ကျွန်တော်တို့ လူငယ်တွေအတွက် ဗဟုသုတရတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တက္ကသိုလ်ဆိုတာ တစ်ချိန်ကျရင် တက်ရမယ့် နေရာပါ။ အဲဒါကို ကြိုတင်လေ့လာခွင့်ရတဲ့ ဂုဏ်လည်းယူပါတယ်။ ဝမ်းလည်းသာပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ ဆုံရလို့လည်း ပျော်ပါတယ်။ အရွေးမခံရလို့ မလာရသေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာသင့် တယ်လို့ ပြောချင်ပါတယ်။ လမ်းစရိတ်လည်း အများကြီးမကုန်လို့ ဗဟုသုတရတဲ့အတွက် လာသင့်ပါတယ်။ ဒီပွဲကို မကွေးတိုင်းမှာ ကျင်းပပေးတဲ့အတွက် ဂုဏ်ယူပါတယ်။ လာရောက်လေ့လာရလို့လည်း ပျော်ပါတယ်။

 

y35y4

 

မေသံစဉ်မှူး (ဒသမတန်း၊ ပညာရဲရင့်ကိုယ်ပိုင်အထက်တန်းကျောင်း(ကုန်းဇောင်း)) 

ဒီပွဲကို ကျောင်းပေါင်းစုံလာမယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ လူရွေးခံရပြီး လာတာပါ။ ပြထားတဲ့ပြခန်းတွေထဲမှာ ရူပဗေဒပြခန်းကို စိတ်ဝင်စားပါတယ်။ အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကိုလည်း စိတ်ဝင်စားပါတယ်။ မကွေးတိုင်းမှာ လာရောက်ကျင်းပတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီလိုပွဲကို ပထမဆုံးလာဖြစ်တာပါ။ လူငယ်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ ပွဲဖြစ်တဲ့ အတွက် ဗဟုသုတတဲ့ရတယ်။ ကိုယ်တိုင်လဲ လေ့ကျင့်လို့ရတယ်။ သမီးတို့ဆို စာတွေ့ပဲရှိတယ်။ လက်တွေ့ကနည်းတယ်။ ဒီမှာ လက်တွေ့တွေ များတဲ့အတွက် ဝမ်းသာပါ တယ်။ မလာရသေးတဲ့ သူငယ်ချင်းတွေအတွက် ပြောချင်တာက လူငယ်တွေအတွက် လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဗဟုသုတရတာကြောင့် လာရောက်ကြည့်သင့်ပါတယ်။ တက္ကသိုလ်မှာ လုပ်တဲ့ ပွဲဖြစ်တဲ့အတွက် တက္ကသိုလ်ကြီးကိုလည်း လေ့လာခွင့်ရတယ်။ မကွေးတိုင်းမှာ ပထမဆုံးကျင်းပတာဖြစ်တဲ့အတွက် မကွေးတိုင်းက လူတေွ လာရောက် လေ့လသင့်ပါတယ်။ လူငယ်တွေဆိုတာ စာတွေ့ချည်းပဲ မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီပွဲကို လာရောက်လေ့လာသင့်ပါတယ်။ မသိသေးတာ အများကြီးကို လည်း သိရတဲ့အတွက်ကြောင့် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

 

12

 

မောင်ပြည့်ဖြိုးဝေ (ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တတိယဆုရ သူနာပြုအသင်းခေါင်းဆောင်) သူနာပြုဒီပလိုမာ (တတိယနှစ်) သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)

ခြင်းလုံးကို နေ့တိုင်းကစားဖြစ်တယ်။ ပြိုင်ပွဲအနေနဲ့ဆိုရင် ဒါပထမဦးဆုံးပါ။ အခုပွဲဟာ အရမ်းထူးခြား ပါတယ်။ အရင်တုန်းက ပြိုင်ပွဲတွေနဲ့ မတူဘူး။ လုံခြုံရေးကအစ အားလုံးကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးထားတယ်။ ဘေးဘက်မှာ ဆိုရင်လည်း လူငယ်အားကစားသမားတွေ တတ်တတ်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနေကြတယ်။ ဘေးနားမှာ စပွန်ဆာပေးထားတဲ့ အအေးဘူးတွေကအစ အားလုံးဟာ အရာရာ ပြောစရာ မရှိပါဘူးခင်ဗျာ။

တတိယဆု ရတဲ့အတွက် ဝမ်းသာသာပေါ့။ ကျွန်တော်တို့ဆီမှာ ယောက်ျားလေးအင်အားနည်းတယ်။ နည်းပေမယ့် တတိယဆု ဆိုတဲ့ အဆင့်တစ်ခု ရခဲ့တယ်။ တကယ်တမ်းတော့ ဒီလို မတွေးထားဘူး။ ဒီလိုရလိုက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ အားလုံးကလည်း အားပေးကြတယ်ခင်ဗျာ။

ကျွန်တော်ဆို ဒီ လူငယ်ဘက်စုံ ပွဲတော်မှာ တစ်ခါတည်းသာ ပါဝင်ရသေးတယ်။ တကယ်လုပ်တဲ့သူ တကယ် အခွင့်အရေး ရှိပါလားပေါ့နော်။ လူငယ်တွေကိုလည်း ပြောချင်ပါတယ်။ တကယ်ကြိုးစားပါ။ အခွင့်အရေး နည်းတယ်လို့ မထင်ပါနဲ့။ ကိုယ်ကိုယ်တိုင် ရွက်ပုန်းသီးဆိုတာ အခု နိုင်ငံတော်ကလည်း ရှာဖွေနေပါတယ်။ အဲဒီအတွက်လည်း ကျေနပ်မိပါတယ်။ အားကစားကို ကိုယ်ဝါသနာပါရင် တစ်ယောက်တည်းလည်း ကစားပါ။ အချိန်တန်ရင် ကိုယ်နဲ့ထိုက်တန်တဲ့ အရာတစ်ခုက ရောက်လာမှာပါ အဲလိုပဲ ပြောချင်ပါတယ်။

 

145

 

မဆုနန္ဒာလွင် (စိုက်ပျိုးရေးသိပ္ပံ-တတိယနှစ်၊ ပွင့်ဖြူမြို့နယ်)

သမီးတို့ ကျောင်းနဲ့မတူတာတွေအများကြီးရှိတော့ ဗဟုသုတတွေ တော်တော်ရတယ်။ ပြထားတာတွေ ကလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်မသိတာတွေတောင်မှ သိရတယ်။ ဘာလို့လဲဆိုတော့ ပြထားတာတွေက စက်တွေက အံဩဖို့လည်းကောင်းတယ်။ ကိုယ်တောင်မတီထွင်နိုင်ဘူး။ သူတို့က တီထွင်နိုင်တယ်။ သူတို့ကို အားလည်းကျတယ်။ သဘောလည်းကျတယ်။ နောက် စက်ပစ္စည်းတွေအပြင် ကွန်ပျူတာတွေလည်း အစ်မတွေ အစ်ကိုတွေက ပြထားတယ်။ ကိုယ်ကျောင်းမှာ ဒီလိုမျိုးတွေ မရှိဘူး။ ကိုယ်သာ ကျောင်းမှာပဲ နေပြီး မလာဖြစ်ခဲ့ရင် ဒီလိုတွေ သိရမှာလဲ မဟုတ်ဘူး။ ဒီလို လူတွေ အများကြီးနဲ့ သွားတဲ့အခါမှ သိခဲ့ရတယ်။ အဲဒီအတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ပွဲကို ကျင်းပပေးလို့ ကျေးဇူးလည်းတင်ပါတယ်။

အားကစားဘက်ကိုလည်း စိတ်ဝင်စားပါတယ်။ ငယ်ငယ်ကတည်းက ဝပြီး အမောမခံနိုင်ဘူး။ ဒါပေမယ့် သူများကိုကြည့်ပြီး အားကျနေရတယ်။ နောက်ကျရင် ပြိုင်လည်းပြိုင်ချင်တယ်။ အားပေးရတာလည်း အရမ်း ဝါသနာပါတယ်။

 

တွေ့ဆုံမေးမြန်း-ဆုမြတ်၊ စိမ့်စိမ့်

ဓာတ်ပုံ-လင်ဟန်ဇေ၊ ဝေလျှံ၊ ရဲဇင်မိုး