အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆန်းစစ်အကဲဖြတ်မှု အခြေအနေ

နေပြည်တော် ၂၄ ဩဂုတ်

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံပညာဦးစီးဌာန၊ မိဘ၊ ဆရာအသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ၁၇--၂၀၂၀ ရက်နေ့မှစ၍ ၂၁--၂၀၂၀ ရက်နေ့အထိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်းများအနက် (၇၁၂၉) ကျောင်းတို့အား ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း (၆၅၇၃) ကျောင်း၊ ပြန်လည်စိစစ် အတည်ပြုရန် လိုအပ်သည့်ကျောင်း (၅၃၀) ကျောင်းနှင့် အဆင်သင့်ဖြစ်ရန် လိုအပ်သည့်ကျောင်း (၂၆) ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။

 

သို့ဖြစ်ပါသဖြင့် ဆန်းစစ် အကဲဖြတ်မှုများကို ပြန်လည်စိစစ်တွေ့ရှိချက်များအရ အချက်အလက် ပြည့်စုံမှုရှိသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ၂၁--၂၀၂၀ ရက်နေ့မှစ၍ --၂၀၂၀ ရက်နေ့အထိ အဆင်သင့်ဖြစ်သော (A အဆင့်) ရရှိသည့် ကျောင်း ပေါင်း (၆၅၂၆) ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ ဖြည့်ဆည်းရန် လိုအပ်ချက်ရှိသောကျောင်း အားလုံးတို့ကို အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပြီး ဆန်းစစ် အကဲဖြတ်မှုများ ထပ်မံဆောင်ရွက်၍ အချက်အလက် ပြည့်စုံမှုရှိပါက ဆက်လက်ဖွင့်လှစ်ရန် ခွင့်ပြုနိုင်ရေး စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် အခြေခံပညာ အထက်တန်းကျောင်းများအားလုံး ခေတ္တပိတ်ထား၍ ၎င်းပြည်နယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသော ကျောင်းများအားလုံး ယာယီရပ်ဆိုင်းထားပြီး ရခိုင်ပြည်နယ်ဒေသတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အခြေအနေအရ ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

 

ပညာရေးဝန်ကြီးဌာန