အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆန်းစစ်အကဲဖြတ်မှု အခြေအနေ

နေပြည်တော် ၁၆ ဩဂုတ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံပညာဦးစီးဌာန၊ မိဘ၊ ဆရာအသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်းများအနက် ၇၁၁၁ ကျောင်းတို့အား ဆန်းစစ် အကဲဖြတ်ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (အဆင့်) ကျောင်း (၆၉၉၂) ကျောင်း၊ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း(၅၀) ၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော (Cအဆင့်) ကျောင်း (၆၉) ကျောင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။

သို့ဖြစ်ပါသဖြင့် ဆန်းစစ်အကဲဖြတ်မှုများကို ပြန်လည်စစ်ဆေး တွေ့ရှိချက်များအရ အချက်အလက် ပြည့်စုံမှုရှိသည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ဇူလိုင် ၂၁ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ အဆင်သင့်ဖြစ်သော (အဆင့်) ရရှိသည့် ကျောင်းပေါင်း (၄၆၇၅) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ခွင့်ပြုပြီးဖြစ်ပါသည်။

ဆက်လက်၍ ဖြည့်ဆည်းရန် လိုအပ်ချက်ရှိသော ကျောင်းအားလုံးတို့ကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပြီး ဆန်းစစ်အကဲဖြတ်မှုများ ထပ်မံဆောင်ရွက်၍ အချက်အလက် ပြည့်စုံမှုရှိပါက ဆက်လက်ဖွင့်လှစ်ရန် ခွင့်ပြုနိုင်ရေး စီစဉ်သွားမည်ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန