Air KBZ လေကြောင်းလိုင်းက ပြည်တွင်းခရီးသွားများ သွားလာမှုအဆင်ပြေစေရန် အထူးအစီအစဉ် ထပ်မံပြုလုပ်

၁၃ ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန်နှင့် ခရီးသွားလာမှု အခက်အခဲမရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီအစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။ Air KBZ  လေကြောင်းလိုင်းသည် ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပြည်တွင်းခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်များဖြင့် အထူးအစီအစဉ်များ ဆက်တိုက်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

 

Air KBZ လေကြောင်းလိုင်းသည် ခရီးသည်များအတွက် လက်ရှိပျံသန်းပြေးဆွဲလျက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ ကော့သောင်း၊ ညောင်ဦး၊ လားရှိုး၊ နေပြည်တော်၊ ခန္တီးနှင့် ကလေးမြို့ အစရှိသည့် ခရီးစဉ် ၁၁ ခုသို့ အသွားခရီးစဉ်တစ်ကြောင်း ဝယ်ယူပါက ခရီးစဉ်တူအပြန်လက်မှတ်အား လေဆိပ်အခွန်ခမှအပ ကျန်အဖိုးအခများပေးဆောင်ရန် မလိုသည့်  (ခရီးစဉ် တစ်ကြောင်းစာနှုန်းထားဖြင့် အသွား/အပြန် လက်မှတ် ရရှိနိုင်မည့်) “တစ်ဝက်ပေး အသွား/အပြန်ခရီး” အထူးအစီအစဉ်ပြုလုပ်ခြင်းဖြစ်ပြီး သွားရောက်လိုသည့် ခရီးစဉ်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

 

ခရီးသည်များသည်  ခရီးသွားမည့်ရက် အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးစဉ်အချိန်ပြောင်းလဲခြင်း (တစ်ကြိမ်) တို့ကို ခရီးသွားမည့်ရက်မတိုင်မီ ၃ ရက်ကြိုတင်၍ အကြောင်းကြားခြင်းဖြင့် အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။

 

“တစ်ဝက်ပေး အသွား/အပြန်ခရီး” အထူးလက်မှတ်များကို ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ခရီးသွားလာနိုင်မည့်ကာလမှာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်၁၄ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိဖြစ်ကာ အထူးလက်မှတ် ဈေးနှုန်းများဖြစ်သောကြောင့် ထိုင်ခုံနေရာ အကန့်အသတ်များနှင့်အတူ Terms and Conditions သတ်မှတ်ချက်များရှိသည်။

 

ခရီးသည်များအနေဖြင့် အဆိုပါလက်မှတ်များကို Air KBZ ၏ Website – www.airkbz.com ၊ Mobile App ၊ K7Chatbot ၊ နယ်ရုံးခွဲများနှင့် လက်မှတ်အရောင်းကောင်တာများတွင် တိုက်ရိုက် ဝယ်ယူရရှိနိုင်မည်ဖြစ်သလို Air KBZ ၏ လက်မှတ်အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၇ မြို့သို့ ATR72-600 လေယာဉ် ၈ စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လက်ရှိခရီးစဉ်အချိန်ဇယားများအရ တစ်ပတ်လျှင် လေကြောင်းခရီးစဉ်ပေါင်း ၂၁၀ ခန့် ပြေးဆွဲလျက်ရှိသည်။ Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သတင်း-ဖိုးသော်ဇင်