အီရန်မှ ရေနံတင်သင်္ဘော ရောက်ရှိလာပြီးနောက် ဗင်နီဇွဲလား ရေနံဈေးပြန်တက်

ကရာကက်စ် ၂ ဇွန်

 

ဗင်နီဇွဲလားနိုင်ငံ၏ ရေနံဈေးသည် ဇွန်လတွင် ပြန်တက်မည်ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို က ပြောကြားသည်။

 

ဗင်နီဇွဲလားနိုင်ငံသည် ကြီးမားသည့် ရေနံထုတ်လုပ်ရေးလုပ်ငန်း ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပွားရသည့် နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုကြောင့် ရေနံထုတ်လုပ်ရေးလုပ်ငန်း ပြိုလဲခဲ့ရပြီး ပြည်သူများမှာ ရေနံရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရသည်။

 

ဇွန် ၁ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်သည့် အဆိုပါ အပြောင်းအလဲအောက်တွင် ယာဉ်မောင်းသူများ အနေဖြင့် တစ်လလျှင် ဓာတ်ဆီ ၁၂၀ လီတာနှင့် အထက်၊ မော်တော်ယာဉ်များအတွက် တစ်လလျှင် ၆၀ လီတာနှင့်အထက်ကို တစ်လီတာလျှင် ၅၀၀၀ ဘိုလီဗာ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၅ ဒေါ်လာ) ဖြင့် သက်သာ ဈေးနှုန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

သတ်မှတ်ထားသည့် ပမာဏထက်ကျော်လွန်ပါက တစ်ဦးချင်း နိုင်ငံတကာဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း သမ္မတကပြောသည်။ ဗင်နီဇွဲလားနိုင်ငံသို့ လောင်စာဆီ အများအပြား တင်ဆောင်လာသည့် အီရန်ရေနံတင်သင်္ဘော ရောက်ရှိလာခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် ယခုကဲ့သို့ အပြောင်းအလဲဖြစ်လာခြင်းဖြစ်သည်။

 

ဓာတ်ဆီဆိုင်ပေါင်း ၂၀၀ ကို နိုင်ငံတကာဈေးနှုန်းအတိုင်း သတ် မှတ်ရောင်းချခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း သမ္မတနီကိုးလပ်စ်မာဒူရိုက မေ ၃၀ ရက်တွင် ပြောကြားသည်။

 

လောင်စာဆီနှင့် ပတ်သက်၍ တစ်ဦးတည်းချုပ်ကိုင်ထားသည့်စနစ် အဆုံးသတ်ပြီဖြစ်ကြောင်းကိုလည်း  ၎င်းက ကြေညာခဲ့သည်။

 

ကရာကက်စ်မြို့၌ မိန့်ခွန်း ပြောကြားခဲ့စဉ်အတွင်း အဆိုပါဆီဆိုင်များတွင် ရေနံဈေးကို တစ်လီတာ နှင့် အမေရိကန်ငွေ ၅၀ ဆင့် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

 

အေအက်ဖ်ပီ