၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၃၀၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၄၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၂ ဒီဇင်ဘာ

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၅၂၅ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂၃၉၄၃ ဦး စုစုပေါင်း ၂၄၄၆၈ ဦးကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့သည်။

 

၂၀၁၉ ခုနှစ်၊‌ နိုဝင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၈၄၄၀၊ စင်ကာပူနိုင်ငံသို့ ၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့  ၂၃၀၊ ထိုင်းနိုင်ငံသို့ ၂၁၄၀၅ ဦး၊ ဂျပန်နိုင်ငံသို့ ၅၉၁ ဦး၊ ယူအေအီးနိုင်ငံသို့ ၂၄ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၈၃ ဦး၊ ကာတာနိုင်ငံသို့ ၇ ဦး စုစုပေါင်း ၃၀၈၄၁ ဦးကို ပြည်ပအလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်