State Counselor of Aung San Suu Kyi meets with ASEAN Secretary

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအတွင်းရေးမှူးချုပ် ဒါတို လင်ကျောက်ဟွိုင်အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိသည့် အစီအစဉ်များ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အထောက်အကူ ဖြစ်စေရေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန (AHA Centre)က လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရေးကိစ္စနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ရေး ကိစ္စတို့အပါအဝင် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 
 
(သတင်းစဉ်)