တာလေမြို့ရှိ စစ်ဆေးရေးဂိတ်တွင်  ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တာလေ     ၂၅  စက်တင်ဘာ    

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် တာလေတံတားထိပ်ရှိ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက မြို့အဆင့်ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့အတွင်း တာလေ တံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာ နေကြသော အများပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာ ခြင်း ရှိ မရှိစစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း ၊ အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာကြသော ခရီးသွား ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ခရီးသွား ထောက်ခံချက်များ ပါ /မပါစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်နေသည့် နေရပ်ဒေသများမှ ဝင်ရောက်လာသည့် သူများ ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး တွေ့ရှိပါက Quarantine  ထားရှိ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တာလေမြို့ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်စစ်ဆေးရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

အောင်ကျော်မိုး ( ပြန်/ဆက်)