ဂရမ်မီဆုအမျိုးအစားတစ်ခု၏ အမည်ကို ပြောင်းလဲသတ်မှတ်

၁၃  ဇွန်

ဂရမ်မီထူးချွန်ဆုတွေထဲကမှ ဆုအမျိုးအစားတစ်ခုဖြစ်တဲ့ Urban ဆိုတဲ့ ဆုအမျိုး အစားကို အမည်ပြောင်းလဲ ခေါ်ဝေါ်သွားမယ်လို့သိရပါတယ်။ Urban ဆုအမျိုး အစားကို လူမည်းတေးဂီတပညာရှင်တွေကို ဖော်ညွှန်းရာမှာ အသုံးပြုခဲ့ကြပါ တယ်။ အခုအခါမှာတော့ ဆုချီးမြှင့်ရာမှာ Urban အစား တိုးတက်မှုအရှိဆုံး အာအန်င်ဘီအယ်လ်ဘမ်လို့ ပြောင်းလဲခေါ်ဝေါ်သွားမယ်လို့ သိရပါတယ်။

ဂရမ်မီဆုချီးမြှင့်ရေးအဖွဲ့ကြီးရဲ့ ဂီတလောကမှာ ပြောင်းလဲမှုတစ်ရပ်အဖြစ် လုပ်ဆောင်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ အခုပြောင်းလဲမှုဟာ ဆုချီးမြှင့်ခြင်းနှင့် ဆန်ခါတင်စာရင်းကြေညာမှုတို့အတွက် ပြောင်းလဲမှုတစ်ရပ်ပါ။ နာမည်အသစ် ပြောင်းလဲခေါ်ဝေါ်လိုက်တဲ့ ဆုအမျိုးအစားမှာတော့ ဟစ်ဟော့၊ ရက်ပ်၊ အကနဲ့ အီလက်ထရွန်နစ် ဂီတတွေလည်း ပါဝင်နေပါတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ (၆၃)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲအတွက် အဓိကစည်းမျဉ်း တွေကိုလည်း ဖော်ပြပေးသွားမယ်လို့သိရပါတယ်။ Urban ဆိုတဲ့ ဆုအမျိုးအစားကို အမည်ပြောင်းလဲသတ်မှတ်ခြင်းဟာ Black Lives Matter လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ဂီတလောကရဲ့ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်ပါတယ်။

စီဘီအက်စ်နယူးစ်