ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဂဠုန်ဦးစော နေရာ၌ သရုပ်ဆောင်ရန်အတွက် လျှောက်ထားနိုင်

၁၃  ဇွန်

ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးတွင် ဂဠုန်ဦးစော နေရာ၌ ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသည့် ဂဠုန်ဦးစော၏ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်က မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန်အတွက် မဖြစ်နိုင်တော့ခြင်းကြောင့် ဂဠုန်ဦးစော ဇာတ်ရုပ်တွင် ပါဝင် သရုပ်ဆောင်ရန်အတွက်လျှောက်ထားနိုင်ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှ သိရှိရသည်။

ဂဠုန်ဦးစော၏ နေရာတွင် သရုပ်ဆောင်ရန် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံးလာရောက် လျှောက်ထားနိုင်ကြောင်းနှင့် အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှု ရှိခဲ့လျှင်လည်း ရုပ်ရည်ဆင်တူမှုနှင့် အမူအရာ ကောင်းမွန်မှုအပေါ် မူတည်၍ ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း သိရှိရသည်။

လျှောက်ထားလိုသူများသည် ကိုယ်ရေးအချက်အလက်များဖြည့်စွက်ကာ ကွန်ပျူတာပြုပြင်ချက်များမပါသည့် မိမိဓာတ်ပုံ ငါးလက်မ-ခုနစ်လက်မအရွယ် ကိုယ်တစ်ပိုင်းပုံနှင့် တစ်ကိုယ်လုံးပုံတစ်ပုံစီနှင့်အတူ အောင်ဆန်းရုပ်ရှင် ရိုက် ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရုံးခန်းရှိရာ အမှတ် ၁၃၁ ကမ္ဘာအေးဘုရား လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ သို့ ပေးပို့နိုင်ကြောင်းနှင့် လိုအပ်ပါကလည်း ဖုန်းနံပါတ် ၀၉-၄၀၀၇၆၀၀၁၁၊ ၀၉-၆၉၉၉၈၁၀၃၈ တို့ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

အောင်ဆန်းရုပ်ရှင်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှလည်း ဆက်သွယ်နိုင်ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

ကိုလင်း