ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သောအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

နေပြည်တော်  ၂   ဒီဇင်ဘာ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ လေ့လာရေးခရီးစဉ်အဖြစ် ယမန်နေ့ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

 

ေ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှ တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ခရီးစဉ်မှာ ဒီဇင်ဘာ (၂) ရက်မှ (၆) ရက်အထိဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)