COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၆-၉-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀) နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၂၅-၉-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၆-၉-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၈၁၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ

-   COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၀) ဦး တွေ့ရှိရပါသည်။ 

၂။ (၂၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉,၉၉၁) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၆၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။    

၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၉၈)ဦး ရှိပါသည်။

#Ministry_of_Health_and_Sports