အာဖဂန်နစ္စတန် မြောက်ပိုင်း၌  ရဟတ်ယာဉ်ပျက်ကျ လေယာဉ်မှူးနှစ်ဉီး သေဆုံး

၂၅ စက်တင်ဘာ

 

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘက်ဟာလမ်ပြည်နယ်တွင် စက်တင်ဘာလ ၂၄ ရက်  ညနေပိုင်းက စစ်တပ်သုံး ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဉီး သေဆုံးခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။

 

 

အာဖဂန်လေတပ်မှ MD-530 ရဟတ်ယာဉ်သည် ပူအီကူမာရီမြို့နှင့် ဘက်ဟာလမ်မြို့ကြားရှိ ကာပါရာမြို့အနီးတွင် စက်တင်ဘာလ ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါ ရဟတ်ယာဉ် ပျက်ကျရာနေရာ၌  စစ်တပ်မှ  တပ်ဖွဲဝင်များကို  လုံခြုံရေး ချထားပြီး စောင့်ကြပ်လျက်ရှိသည်။

 

 

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုတွင် အာဖဂန်လေတပ်မှ လေယာဉ်မှူးနှစ်ဉီး သေဆုံးခဲ့ပြီးနောက် မြေပြင်တွင် အခြားသူ မည်သူ့ကိုမှ ထိခိုက်မှု မရှိခဲ့ကြောင်း အဆိုပါ တပ်မတော်မှ ထုတ်ပြန်ထားသည်။

 

 

လေယာဉ်ပျက်ကျမှုမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ယခုနှစ် ဇူလိုင်လ အတွင်း၌လည်း  ဟယ်လ်မန်ပြည်နယ်တောင်ပိုင်းတွင်  ရဟတ်ယာဉ် ပျက်ကျခဲ့ရာ  အာဖဂန်အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်