ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မြဝတီ ၂၅   စက်တင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြဝတီခရိုင်အမျိုး သမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့  အမှတ် ၁ ရပ်ကွက်ရှိ သောင်းရင်းပျံကျဈေးနှင့် နှင်းဆီလမ်း တို့တွင်   ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ကိုဗစ်-၁၉ ရောဂါသည် ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း စသည့်လက္ခဏာများသည် ရာသီတုပ်ကွေးလက္ခဏာများနှင့် ဆင်တူသောကြောင့်  အဆိုပါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် လိုအပ်ကြောင်းကိုလည်း အသိပညာပေးခဲ့သည်။

 

အဆိုပါ လက်ကမ်းစာစောင်တွင် လက်ကိုရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့်၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်း၊ အခြားသူများနှင့် အနည်ဆုံး ၆ ပေအကွာမှ စကားပြောဆို ဆက်ဆံခြင်း၊ ပါးစပ် နှင့် နှာခေါင်းစည်းများကို အပြင်ထွက်သည့်အချိန်၊ အခြားသူများနှင့် ပြောဆိုဆက်ဆံသည့် အချိန်တွင် စနစ် တကျ တပ်ဆင်အသုံးပြုခြင်း၊ ကောလဟာလသတင်းမှားများကို လုံးဝမယုံမိစေခြင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံပိုင် မီဒီယာများမှ သတင်းများ၊ လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက် နာစေခြင်းတို့ ပါဝင်သည်။

             

မန်းသန်းရွှေမြင့်