မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၃) လုံး ဖျက်သိမ်း ရွှေ့ပြောင်းထားပြီး အိမ်ထောင်စု(၃၀)စုကို ဘေးလွတ်ရာသို့ပြောင်းရွှေ့

မုဒုံ ၂၅ စက်တင်ဘာ

 

မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် ယမန်နေ့ ညနေ ၃နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ကတုံးပေါ်ချောင်းအရှေ့ကွက်သစ်   မြစ်ကမ်းပါးမြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ မြေပြိုမှုဖြစ်ပွားရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမြင့်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၁၃)ဦး၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြေပြိုမှုဖြစ်ပွားရာနေရာရှိ လူနေအိမ်(၃)အိမ်ကို ဖျက်သိမ်းရွှေ့ပြောင်းထားပြီး လူနေအိမ်(၂၇)အိမ်၊ အိမ်ထောင်စု(၃၀) လူဦးရေ (၁၄၇)ဦးခန့်ကို  ရွာလယ်ဓမ္မရုံနှင့် အမက စာသင်ကျောင်းများသို့ အရေးပေါ် ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)