ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်း ၁၇ စက်တင်ဘာ

 

    

ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မော်ချီးဒေသ အမှတ်(၂) စစ်ဆေးရေးဂိတ်၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများက နေ့စဉ် နေ့/ည စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

  

ထိုသို့စစ်ဆေး ဆောင်ရွက်ရာ၌ လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ် လိုင်းများပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း မရှိပါက ချက်ခြင်း ဝယ်ယူတပ်ဆင်စေခြင်း၊ အခြားဒေသမှ ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ရပ်/ကွက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွား ထောက်ခံချက် မပါရှိပါက ၄င်းနေထိုင်ရာ နေရာဒေသတို့ ချက်ခြင်း ပြန်လည်စေလွှတ်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

   

ထို့ပြင် မော်ချီးဒေသ ရပ်ကွက်ကျေးရွာများတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ညမထွက်ရအမိန့် လိုက်လံဆော်သြခြင်းများနှင့် အလားတူ ဖားဆောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌လည်း အသိပညာပေးခြင်း၊ ညမထွက်ရအမိန့် လိုက်လံဆော်သြခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နန်းသဲနုအောင်(ဖားဆောင်း)

mdn