အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်

အင်္ဂပူ ၁၇ စက်တင်ဘာ

 

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး‌ခြင်းကို ယနေ့နံနက် ၈နာရီခွဲ၌ အင်္ဂပူမြို့ပေါ်ရှိ အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များနှင့် ကံဦး‌‌ကျေးရွာအုပ်စုအတွင်းရှိ ကံဦးကျေးရွာ၊ သုံးဆက်ကျေးရွာ၊ မြန်အောင်စုကျေးရွာနှင့် ဇေယျကျေးရွာတို့တွင် အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက လှည့်လည်အသိ‌ပေးကြေညာခဲ့ကြောင်းနှင့် အသိပညာ‌ပေးလက်ကမ်းစာ‌စောင်များဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မန်းကျော်(ပြန်/ဆက်)